Online_Learning
ကျနော် သိသလောက် Online Learning ပုံစံအမျိုးမျိုး
ပထမပုံစံ
Messenger ကနေ အုပ်စုဖွဲ့ကာ လိုအပ်သည့် သင်ခန်းစာများပေးပို့ခြင်း၊ ဗီဒီယိုcall ဖြင့်လေ့လာကြခြင်း၊ Zoom ကိုအသုံးပြုကာ အပြန်အလန် ဆွေးနွေးရှင်းပြကြခြင်းပါ။ ဒီပုံစံကတော့ ယခု မြန်မာပြည် မှာအများစုသုံးနေတဲ့ပုံစံဖြစ်ပါတယ်။ အရေးပေါ် အနေနဲ့သုံးရတာလည်း ဖြစ်ပါတယ်။ အစည်းအ၀ေး၊ သင်တန်းတွေအတွက် သုံးနေကြပါတယ်။
အားသာချက်ကတော့ သိလိုသည်များ ချက်ခြင်းမေးမြန်းနိုင်ခြင်း၊ ဆရာ့မျက်နာတွေ့ရေတာ့ အားနာ၊ရိုသေခြင်းကြောင့် မလုပ်ချင်လဲ စာများလုပ်နေရခြင်း။ သုံစွဲခြင်း၊စတင်ခြင်း လွယ်ကူခြင်း။
အားနည်းချက်ကတော့ အချိန် ချိန်ချက်ယူပြီးလေ့လာရသည့်အတွက် မိမိအရးပေါ် ကိစ္စရှိရင် သင်ခန်းစာ လွတ်သွားနိုင်ခြင်း။
ဒုတိယပုံစံ
တကယ့် အွန်လိုင်းလေ့လာခြင်းဆိုတာက ကိုယ်ပိုင်သင်ကြားရေးဝိဘ်ဆိုဒ်နဲ့ဖြစ်ပါတယ်။ အဲဒီကိုယ်ပိုင်သင်ကြားရေး ဝိဘ်ဆိုဒ်အတွက် အခြားဝိဘ်ဆိုဒ်ရောင်းသူဆီကနေ တဆင့်ဝယ်ယူပြီးဒီဇိုင်းရေးဆွဲရမလား၊ ဒါ မှမဟုတ်ရင် ကိုယ်ပိုင် ဆာဗာ ထောင်ပြီးလုပ်မလား ပုံစံတမျိုးမျိုးနဲ့လုပ်ကြပါတယ်။ စျေးကတော့ကြီးပါတယ်။ အဲဒီ သင်ကြားရေး ဝိဘ်ဆိုဒ်ထဲ မှာ သင်ခန်းစာ စကားလုံး၊ ဓတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များနင့်အတူ ပုံနိပ်စာအုပ်များ တပါးတည်းပါရှိပါတယ်။ ပြီးရင် လိုအပ်တဲ့ အခန်းဆုံးစာမေးပွဲများအတွက် ပါတပါးတည်းပါရှိပါတယ်။ စာမေးပွဲတွေက နောက်ဆုံးမေးခွန်းကို ဖြေပြီးပြီးချင်း မိမိရလဒ်ကို ချက်ခြင်းသိနိုင်တာ များပါတယ်။
နောက်ဆုံးစာမေးပွဲအတွက်ဆိုရင်လည်း ဖြေပြီးပြီးချင် အောင်ရင် အောက်လက်မှတ်က ကိုယ့် အီးမေးလ်ထဲ တန်းရောက်လာပါတယ်။
(ယခု ကျနော်တို့ LUAN DIM LCCI သင်တန်းကျောင်းကနေ သုံးနေတဲ့ ပုံစံလည်းဖြစ်ပါတယ်)
တခြားတခုကတော့ google Class ပါ။ သူလည်းကောင်းမယ့်ပုံပါ။ ကျနော်ကတော့ ကိုယ်ပိုင်၀ိဘ်ဆိုဒ်ကို သုံးပြီးသွားပြီဆိုတော့ google ကဟာကို ကောင်းကောင်းမလေ့လာနိုင်သေးပါဘူး။ ဘာမှမရှိတာထက်စာရင်တော့ google class နဲ့ မိမိကိုယ်ပိုင် သင်တန်း၊ သင်ခန်းစာတွေအတွက် တော့ ကြိုတင်ပြင်ဆင်ထားရင် ကောင်းပါတယ်။
အားသာချက်၊ သင်ခန်းစာများအဆင့်သင့်ဖြစ်သည့်အပြင် မိမိအားသည့်အလျောက် လေ့လာနိုင်သည့်အတွက် အချိန်များများပေးနိုင်ပါက စောစော ပြီးမြောက်ခြင်း။
အားနည်းချက်ကတော့ ဘေးနားကနေ စောင့်ကြည့်နေတဲ့ ဆရာ လိုမျိုး မရှိတော့သည့်အတွက် ပျင်းသည့်အချိန်တွင် မိမိစိတ်အလို လိုက်သွားနိုင်ခြင်း။ ကိုယ်ပိုင်သင်တန်းကျောင်းများအတွက် ကိုယ်ပိုင် ဝိဘ်ဆိုဒ်အတွက် ကုန်ကျစရိတ်များလွန်ခြင်း။
Online Learning အတွက် လိုအပ်ချက်များ
- အင်တာနက်လိုင်း ကောင်းကောင်းလိုအပ်ပါတယ်။
- အသုံးပြုမယ့် ဖုန်း (ကွန်ပျူတာ) (စက်) ကောင်းကောင်း (အဆင့်မြင့်) လိုအပ်ပါတယ်။
- အင်တာနက်၊ ဝိဘ်ဆိုဒ်များကို အသုံးပြုနည်း ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်။
- စည်းကမ်းတကျ၊ ဇွဲရှိရှိနဲ့ အချိန်မှန်မှန် လေ့လာဖို့လည်း လိုအပ်ပါတယ်။
- မိမိအမှန်တကယ် စိတ်၀င်စားတဲ့ ဘာသာရပ်ဖြစ်ရင် ပိုကောင်းပါတယ်။
- ဘာသာရပ်အလိုက် လေ့လာရမည့်ပုံစံ (အဆင့်ဆင့်)တွေက မှန်မှန်ကန်ကန် ဖြစ်ဖို့လိုပါတယ်။
- အိမ်မှာပဲလေ့လာမယ်ဆိုပေမဲ့ ကျောင်းတက်နေတဲ့ စိတ်ခံစားမှုနဲ့ စိတ်နစ်ပြီးလေ့လာဖို့လိုပါတယ်။
- မိမိလေ့လာနေတဲ့ အနီးအနား ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေဖို့ လိုပါတယ်။
- မိမိအိမ်သူအိမ်သားတွေကလည်း ကိုယ်က သင်တန်း၊ ကျောင်း တက်နေတယ်ဆိုတဲ့ နားလည်ပေးမှုလည်း လိုအပ်ပါတယ်။
မြန်မာပြည် Online Learning အတွက် အားသာချက်
- နေရာဒေသ အများစု အင်တာနက်လိုင်း ရရှိနေခြင်း၊ လူတိုင်းလိုလို ဖုန်း အသုံးပြုနိုင်ခြင်း။
- (ဆိုလိုသည်မှာ ယခင် ၂၀၁၀ ခုနစ်အချိန်လောက်သာ ကိုဗစ်ကြီး ဖြစ်လာမယ်ဆိုရင် ယခုလို အားသာချက် မရှိသေးပါဘူး)
မြန်မာပြည် Online Learning အတွက် အားနဲချက်
- ယခုမှ အစ ဖြစ်နေခြင်း (ဖုန်းအသုံးပြုခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ စသည့်များ)
- ဖေ့စ်ဘုတ်၊ ဖုန်း၊ အင်တာနက်များ အသုံးပြုနေကြသော်လည်း နည်းပညာအသေးစိတ် နားလည်းမှုနဲပါးနေခြင်း နင့် ဝိဘ်ဆိုဒ်များကို အသုံးမပြုတတ်သေးခြင်း
- လူငယ်များ မိမိကိုယ်ကို စီမံ ထိန်းကျောင်းမှု အားနဲခြင်း (တချို့က ကိုယ့်ကိုယ်ကို စီမံမှု မလုတ်တတ်သေးခြင်း)
- အင်တာနက်လိုင်း (ဝိုင်ဖိုင်များ) စျေးနှုန်းက အခြေခံလူတန်းစာများဝင်ငွေနင့် နှိုင်းယှဉ်ကြည့်ရင် အဆင်မပြေသေးခြင်း
- ယခုမှအစ ဖြစ်တဲ့အတွက် ဘာသာရပ် ဒီဇိုင်းရေးဆွဲသည့်အခါ စနစ်တကျ မလုတ်ထားပါက ထိရောက်မှု အားနဲနိုင်ခြင်း
- အကြီးမားဆုံး အားနည်းချက်က ယခုလို online learning လုပ်မယ်ဆိုခြင်းကို စွန့်စားပြီးလုပ်ကြည့်မည်ဟု မစဥ်းစာကြပဲ ကြောက်လန့်ကာ မလုပ်ခင်၊ မစမ်းသပ်ရသေးပဲ ကြိုတင် စိုးရိမ် ငြင်းပယ်နေခြင်း။
မြန်မာပြည် Online Learning အောင်မြင်ရန်အတွက်
- အွန်လိုင်းဘာသာရပ်အတွက် သေချာ စနစ်တကျ ဒီဇိုင်ဆွဲရမည်။ လေ့လာမည့်သူအတွက် လွယ်ကူခြင်း၊ လေ့လာချင်စိတ် တဖွာဖွာဖြစ်ပေါ်စေရန် ဆွဲဆောင်မှုရှိခြင်း၊ နားလည်သဘောပေါက် လွယ်ကူခြင်း များဖြစ်စေရမည်။
- အင်တာနက်လိုင်း၊ စျေးနှုန်း နင့် အသုံးပြုမည့် ဖုန်း (သို့) ကွန်ပျူတာများ ပြည်သူ (ကျောင်းသူ၊သား)များအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရမည်။
- ယခုခတ်တွင် ကလေးများက လူကြီးများထက် နည်းပညာ၊ ဖုန်းများကို ပိုမိုကျွမ်းကျင်ပါသည်။ ထို့ကြောင့် သင်ကြားပေးမည့် ဆရာ၊ဆရာမများကို တပည့်များက ဆရာပြန်မလုပ်ရလေအောင် ဆရာ၊ဆရာမများကို ဦးစွာ သေချာ လေ့ကျင့်ပေးရန်လည်း လိုအပ်ပါမည်။
- မြန်မာပြည်အတွက် ဖုန်းသုံးခြင်း၊ နည်းပညာ အသုံးပြုခြင်း၊ အင်တာနက် သုံးခြင်းနင့်အတူ ယခု အွန်လိုင်သင်ခန်းစာအသုံးပြုခြင်းများသည် တပြိုင်နက်တည်း ချက်ခြင်းလုပ်ဆောင် ရတာဖြစ်သည့်အတွက်၊ နည်းပညာ အသုံးပြုသည့်နေရာတွက် လူငယ်၊ လူကြီးအားလုံးသည် ပထမအစသာ ရှိပါသေးသည်။ တနည်းအားဖြင့် အခုမှ မွေးခါစ ကလေးလေးလို ပဲရှိသေးပါတယ်။ အဲဒါကြောင့် မွေးခါစ ကလေးလေးတွေကို ပြုစု ပျိုးထောင်သလို အွန်လိုင်သင်ခန်းစာအတွက် လည်း သေချာစွာ အနီးကပ် လေ့ကျင့်ပေးဖို့လိုပါအုံးမယ်။ ကလေးငယ်တစ်ဦးကို ထမင်းပန်ကန်နဲ့ ဇွန်နဲ့ သူ့ရှေ့မှာ ချထားပေးပြီး ရော့ ကိုယ်ဘာသာစား လို့သာ ထားခဲ့ရင်၊ ကလေးလေးက သူဗိုက်ဆာနေပေမဲ့ ထမင်းကို စားမှာ မဟုတ်ပဲ ဇွန်နဲ့ ပန်ကန်နဲ့သာ ဆော့နေတော့မှာပါ။ အဲလိုပဲ အွန်လိုင်းသင်ခန်းစာအတွက်လည်း ကျနော်တို့က မွေးခါစ ပဲ ရှိပါသေးတယ်။
- နည်းပညာပိုင်းမှာအားနဲတဲ့အပြင် တခုခု လိုင်းမကောင်တာ၊ ဆက်သွားမရတာ ၊ Error တခုခုဖြစ်နေတာ လိုမျိုးဆိုရင် စိတ်ပျက်လာတတ်ပါတယ်၊ ဒီကြားထဲ လေ့လာနေတဲ့ဘာသာရပ်က ကိုယ်စိတ်မဝင်စားတဲ့ဘာသာရပ်ဖြစ်နေရင် ပိုဆိုးသွားမယ်။ သင်ချင်စိတ်ကို လုံးလုံး ပြောက်သွားနိုင်တယ်။ အဲဒါကြောင့် ကိုယ်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ် ဖြစ်ရင် ပိုကောင်းပါတယ်။
- ကျောင်းက ဆရာ၊ဆရာမများက တပည့်များ၏ လေ့လာသင်ယူနေမှုကို အဆက်မပြက် စောင့်ကြည့်နေရန်လိုအပ်ပြီး၊ အိမ်က မိဘ (အုပ်ထိန်းသူ) များကလည်း ထိန်းကျောင်းပေးမှုနင့်အတူ နားလည်ပေးမှုတွေလည်း လိုအပ်ပါတယ်။
- လမ်းမလျောက်တတ်သေးတဲ့ ကလေးငယ်တစ်ဦးကို လမ်းလျောက်တတ်သည်အထိ ချီကာ ခေါ်ဆောင်သွားသလိုပဲ အစပိုင်းကာလ၊ မိမိဘာသာ ကောင်းမွန်စွာ မလုပ်တတ်မချင် အနီးကပ် သေချာ လေ့ကျင်ပေးရန်လိုအပ်ပါတယ်။
- ဒီလိုသာ လုပ်ဆာင်နိုင်ရင် အချိန်ကြာလာရင် လုပ်တတ်ကိုင်တတ်လာရင်တော့ အွန်လိုင်းလေ့လာခြင်းက ဘယ်လောက်ကောင်းကြောင်းကို သိနားလည်သွားပြီး၊ တချို့ တွေဆိုရင် ကျောင်းတောင် သွားချင်တော့မည် မဟုတ်ပေ။
မြန်မာပြည် Online Learning မအောင်မြင်ရင် ဘာကြောင့်လဲ
- လိုအပ်သည့် အင်တာနက်၊ ဖုန်းများ သုံးစွဲခွင့် ပိတ်ပင်ခံရခြင်း။ (မသုံးနိုင်၊ မတတ်နိုင်ခြင်း)
- ဘာသာရပ်ကို သေချာ စနစ်တကျ ဒီဇိုင်မဆွဲထားသည့်အတွက် နားလည်ရ ခက်ခဲနေခြင်း
- သင်ခန်းစာ၊ သင်ရိုး ပြီးပြည့်စုံမှု မရှိခြင်း။
- ဆရာ၊ဆရာမများကိုယ်တိုင် မကျွမ်းကျင်ခြင်း
- မိမိ မကျွမ်းကျင်သေးသည့် နည်းပညာသုံးစွဲခြင်းအပေါ် စွန့်စားလိုစိတ်မရှိခြင်း
- ဆရာ၊ မိဘ များဘက်မှ ပူးပေါင်းအားပေးမှု အားနဲခြင်း
- စိတ်ချရသည့်အထိ ကျွမ်းကျင်သူဆရာ၊ဆရာမ များမှအနီးကပ်စောင့်ကြည့်ပေးနိုင်မှု မရှိခြင်း။
၄လတာ အတွေ့အကြုံကနေတဆင့် ဝေမျခြင်းဖြစ်ပါတယ်။ လိုအပ်မှု ရှိခဲ့ရင် နားလည်ပေးပါ။ မြန်မာပြည်ကြီး တိုးတက်ကြီးပွားရန် ဆန္ဒပြုလျက်
မင်းထက် Sia Sing Pi (LUAN DIM LCCI)
Comments
Post a Comment