Skip to main content

Phone Application (Android App Making)


Phone Application (Android App) Making

မင်္ဂလာပါ။ OLIVE Digital (IT Solution) မှကြိုဆိုပါတယ်။
Application များ၏ အလုပ်လုပ်ပုံများကို အောက်ဖက်တွင် ဗီဒီယိုဖြင့်လည်း ကြည့်နိုင်ပါသည်။

ယနေ့ခတ် တိုးတက်နေသော နည်းပညာခတ်ကြီးတွင် အဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းများလည်း မိမိတို့လုပ်ငန်း၊ အဖွဲ့အစည်းများကို ခတ်နင့်အညီ ပြောင်လဲလာကြကာ မိမိတို့လုပ်ငန်းဆောင်တာများ ပိုမိုမြန်ဆန် လွယ်ကူ သက်သာလာစေရန် လုပ်ကိုင်ဆောင်ရွက်နေကြသည်မှာ လူကြီးမင်းတို့ကိုယ်တိုင်၏ လက်တွေ့မြင်တွေ့နေသော အရာပင်ဖြစ်ပါသည်။

ထိုသို့နည်းပညာ တိုးတက်လာမှုများထဲတွင် လူတိုင်းမလွန်ဆန်နိုင်သည့်အရာမှာ လူတိုင်းမှဖုန်းသုံးစွဲလာခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် လုပ်ငန်းဆောင်တာများပိုမို လွယ်ကူ မြန်ဆန်လာရန်အတွက် ဖုန်းကို အသုံးပြု အားကိုးလာကြကာ ထိုသို့ဖုန်းမှတဆင့် အလုပ်လုပ်ဆောင်လာနိုင်ရန် လုပ်ငန်း၏ကိုယ်ပိုင်ဖုန်းအပီလီကေးရှင်း(Phone Application) ကိုအသုံးပြုလာကြပါသည်။


သို့သော် ကိုယ်ပိုင်ဖုန်းအပီလီကေးရှင်း တစ်ခုကို ပညာရှင်များထံ ရေးဆွဲခိုင်းသည့်အခါ အလွန့်အလွန် စျေးကြီးပါသည်။ အနည်းဆုံး  $1,500 မှ $4,500 ကြား (ကျပ် သိန်း ၂၅ မှ သိန်း ၁၀၀ ကြား) ရှိပါသည်။ ထို့ကြောင့် အမြတ်များများရသော စီးပွားရေးလုပ်ငန်းများသာ မိမိတို့လုပ်ငန်းအတွက် ကိုယ်ပိုင် ဖုန်းအပီလီကေးရှင်းကို အသုံးပြုနိုင်ကြသည်။ ဥပမာ ဘဏ်များ။ ၄င်းဘဏ်များတွင် သုံးသော အပီလီကေးရှင်း ရေးဆွဲသည့်ကြေးမှာ သိန်း ၇၀ - ၁၀၀ ကြားတန်ဖိုးဖြစ်ပါသည်။

သူတို့ကြော်ငြာကို ကြည့်နိုင်သည်။ 

https://www.webtechmyanmar.com/services/mobile-application-development-services/



ဘာကြောင့် ထိုသို့ စျေးအများကြီးပေးပြီးလုပ်ခိုင်းရသလဲ၊ ကောင်းကျိုးတွေကတော့ အများကြီးပါ။

သတင်းအချက်အလက်ကို မြန်ဆန်စွာ လက်ခံရရှိခြင်း။

Application တစ်နေရာတည်းမှ မိမိလိုချင်သည့်အရာများကို လွယ်ကူသက်သာစွာ ကြည့်ရှုနိုင်ခြင်။

မိမိတို့ ဖောက်သည်၊ အသင်း၀င်သူ များနင့် လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်ခြင်း။
 

၀န်ထမ်းလျော့ချလာနိုင်ခြင်း။

ရုံခွဲတွေကို ခဏခဏ သွားလာစရာမလိုတော့ခြင်း။

စက္ကူသုံးစွဲမှု လျော့ချနိုင်ခြင်း။


စတဲ့ အချိန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အလုပ်လုပ်ဆောင်မှု သက်သာခြင်း စတဲ့အကျိုးများစွာကို ပေးပါတယ်။



ဒီလိုဆိုရင် ကျနော်တို့ အသင်းတော်တွေ အဖွဲ့အစည်းတွေမှာကော အသုံးလိုသလား၊ လိုတာပေါ့ သိပ်ကိုလိုအပ်ပါတယ်။ အထူးသဖြင့် ယခုလို ကပ်ရောဂါအချိန်နင့် ကပ်ရောဂါနောက်ပိုင်းတွေမှာ မဖြစ်မနေ လိုအပ်လာပါပြီ။


ဒါဆိုရင် ယခုချိန်မှာ ဘာလို့ အသင်းတော်တွေ၊ အဖွဲ့အစည်းတွေမှာ သိပ်မသုံးကြတာလဲ။

ဟုတ်ကဲ့ ဘာဖြစ်လို့ မသုံးကြသေးတာလဲဆိုရင် ပထမက ရင်းနီးမှု သိပ်မရှိသေးလို့ပါ။ ပြီးတော့ ဖုန်းဆိုတာက မြန်မာပြည်မှာ လူတိုင်းကိုင်နိုင်၊ သုံးနိုင်တာကလည်း မကြာသေးလို့လည်းဖြစ်တယ်။ ပြီးရင် အခုလို နည်းပညာအသစ်တွေက စျေးအရမ်းကြီးတော့ သိပ်စိတ်မ၀င်စားတော့တာလည်း ပါပါတယ်။ ဥပမာ ၀ဘ်ဆိုဒ် (Website) လိုမျိုးဆိုရင် လစဥ်ကြေး၊ နစ်စဥ်ကြေး ပေးနေရတယ်။ ပြီးတော့ တချို့ Phone Application ရေးတဲ့ company တွေက ၄င်း Applicationတခု ရေးဆွဲခ ပေးရတဲ့အပြင် လစဥ်၊နစ်စဥ် ထိန်းသိမ်းခတွေပါ တောင်းပါတယ်။ အဲလိုဆိုတော့ ကိုယ်က Phone Application ရဲ့ ကောင်းကျိုးတွေ မသိခင်မှာ ကုန်မယ့် ကုန်ကျစရိတ်တွေ လစဥ်ကြေးတွေ ကြားရတော့ လန့်သွားပြီးတော့၊ ဒီဟာ မသုံးလည်း အလုပ်ဖြစ်နေတာပဲ ဆိုပြီး နေနေကြတာပါ။

 
အခုချိန်မှာတော့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘုရားကျောင်းကနေ ပိုက်ဆံအများကြီးကုန်ပြီး ၀ေတဲ့ စာစောင်တွေကို တချို့တွေက ခဏကြည့်ပြီး သိသွားရင် အဲဒီစာစောင်ကို ဒီတိုင်း ပစ်ထားလိုက်တော့တယ်။ သေချာစဥ်းစားတတ်ရင် ပိုက်ဆံတွေကို ဒီတိုင်း ပစ်ကြဲလိုက်တာနဲ့အတူတူပဲ။

တကယ်လို့ ဒီဖုန်းအပီလီကေးရှင်းကို အသင်းတော် (အဖွဲ့အစည်း) အနေနဲ့လုပ်လိုက်ရင် ထုတ်၀ေ တဲ့စာစောင် အစောင်ရေ လျော့ချနိုင်မယ်။ ဥပမာ တစ်ပတ်ကို အစောင် ၁၅၀ ပုံမှန်ထုတ်၀ေတယ်ဆိုရင် ၅၀ ပဲထုတ်မယ်။ အဲဒီ၅၀ က အသက်ကြီးသူ၊ ဖုန်းမသုံးချင်တဲ့သူ၊ စာစောင်တွေကို ဂရုတစိုက် ထိန်းသိမ်းသူ များအတွက်ပဲ ထုတ်ရတော့မယ်။ ကျန်တဲ့သူတွေက ကိုယ့်ဖုန်းထဲက အသင်းတော်ရဲ့ ကိုယ်ပိုင်အပီလီကေးရှင်းကနေ ကြည့်လိုက်ရုံပဲ။

 
ဒီလို အစောင် ၁၀၀ လောက် ထုတ်စရာ မလိုတော့ရင် ဥပမာ ၁စောင်ထုတ်ခ ကျောကပ် ၅၀ ကျပ်ကုန်ကျတယ်ဆိုပါစို့။ ၁၀၀ စောင် x  ၅၀ ကျပ် x  ၅၂ ပတ် (၁နစ်) = ၂၆၀ ၀၀၀ ကျပ် သက်သာပါမယ်။ ဒါက Sunday တစ်နေ့ရဲ့ Bulletin စာစောင်(၁၀၀) ရဲ့ ၁ နစ်စာ ပဲရှိပါသေးတယ်။ ဒီဟာနဲ့တင်ပဲ သိန်း ၂၀ ကျော်လောက် အကုန်ကျခံပြီး ကိုယ်ပိုင်ဖုန်း အပီလီကေးရှင်းတစ်ခု လုပ်ရင်တောင် တော်တော်တန်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သိန်း ၂၀ က ၇ နစ်လောက်ဆို အရင်ကြေးပါပြီ။ ဒီကြားထဲမှာကိုယ့်အသင်းတော် လူတွေ အထင် တော်တော်ကြီးလာအုံးမယ် အပီလီကေးရှင်းတွေ ဘာတွေနဲ့ပေါ့။

တကယ်တော့ တကယ်ပဲ ကိုယ်ပိုင်အပီလီကေးရှင်းကို သုံးလာရင် Sunday bulletin တစ်မျိုးသာ သက်သာသွားမှာ မဟုတ်ပါဘူး၊ အသင်းတော် ရဲ့သာရေးနာရေး ကိစ္စ အ၀၀ကို အချိန်နင့် တပြးညီလျင်မြန်စွာ သိရှိလာနိုင်ပါတော့မယ်။ ပြည်တွင်းပြည်မှာ ရှိတဲ့ အသင်းသူ၊ အသင်းသားတွေအတွက်လည်း တော်တော်လေး အဆင်ပြေလာမယ်။


ယခုလို ကိုယ်ပိုင်အပီလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့် ကိုယ့်အသင်းတော် (အဖွဲ့အစည်း) ရဲ့ ကုန်ကျစရိတ်များစွာကို လျော့ချလိုက်ပါ၊ လုပ်ငန်းဆောင်ရွက်မှုတွေကိုလျော့ချလိုက်ပါ၊ လွယ်ကူမြန်ဆန်စွာ သတင်းများကို ဖြန့်ဝေလိုက်ပါ၊ ကိုယ်ပိုင်အပီလီကေးရှင်းသုံးခြင်းသည် အသင်းတော် (အဖွဲ့အစည်း)၏ ဂုဏ်ကို မြင့်တင်ခြင်းလည်းဖြစ်ပါသည်။

ယခုလို အသင်းတော် အဖွဲ့အစည်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အပီလီကေးရှင်း (Android Application)ကို ကျနော်တို့ OLIVE Digital IT Solution ကနေ အသက်အသာဆုံး အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။

ကျနောတို့ OLIVE Digital IT Solution မှ အသင်းတော်များ၊ အဖွဲ့အစည်းများအတွက် (Standard Application) အပီလီကေးရှင်းတစ်ခုတွင် သတင်းဖြန့်၀ေရန် လိုင်း၂ ခု၊ အသင်းတော်(အဖွဲ့အစည်း) မှ ထုတ်လွင့်သော ဗီဒီယို အတွက်(YouTube) လိုင်း၁ခု၊ အသင်းတော်၏လိပ်စာနင့် အခြားအချက်အလက်များထားရှိသည့်လိုင်း၁ခု ပါ၀င်သော အပီလီကေးရှင်းကို အထူးစျေးနှုန်းသက်သာစွာဖြင့် အမြန်ဆုံးရရှိနိုင်ရန် ဆောင်ရွက်ပေးနေပါသည်။ (တခြားထည့်လိုသည့်အရာများအတွက်လည်း စျေးနှုန်းညှိနှိုင်းနိုင်ပါသည်။)


တစ်ကြိမ်တည်းပေးပြီး တစ်သက်စာ အတွက်စျေးနှုန်းမှာ (One Time fee, use forever) Lifetime fee

Type of Application
Fee for Application
Google Play Store
Total Fees
Standard Application
US$400
US$100
US$500

သတင်းဖြန့်၀ေရန် လိုင်း၂ခုကို Gmail ဖြင့် Blog သုံးပါမည်။ Gmail မရှိပါက အားလုံးကို ကျနော်တို့ဘက် မှ လုပ်ပေးပါမည်။

အသင်းတော်၏ ကိုယ်ပိုင် YouTube လိုင်း ရှိပါက ၄င်းကို သုံးပါမည်။ရှိပါက ကျနော်တို့ဘက် မှ လုပ်ပေးပါမည်။ 


ထို့ကြောင့် Standard Application (Android) တွင် ပါ၀င်မည့် Menu များ မှာ

No.
Menu’s Name
What is in the Menu (Transaction)
1
Church News 1
Blog post
2
Church News 2
Blog post
3
Church Video Channel
Church's YouTube channel
4
About Church
Brief of about Church, Contact Address, Bank Account for Donations


Menu’s Name များကို မိမိတို့ မိခင် ဘာသာစကားဖြင့်လည်း ရေးနိုင်ပါသည်။

Blog အသုံးပြုနည်းနင့် သတင်းတင်ရန် သုံးရမည့်ပုံစံကို အောက်တွင် ဗီဒီယိုဖြင့်လည်း ရှင်းပြထားပါသည်။

Google Play Store ဟုဆိုရာတွင် အသင်းတော်အတွက် ရေးဆွဲပြီးသော အပီလီကေးရှင်းကို နိုင်ငံတကာရှိ အသင်းသူ၊အသင်းသားများ မှလွယ်ကူစွာ ဒေါင်းလုတ်နိုင်ရန် Google Play Store တွင် ထားရှိပေးခြင်းဖြစ်ပါသည်။

ယခု Standard Application Style အပြင် နောက်ထပ် Menu များအပို ထပ်ထည့်လိုပါက ညိနှိုင်းနိုင်ပါသည်။

ဥပမာ Facebook Page မှ တင်သော post များကို အပီလီကေးရှင်းတွင် ပေါ်စေလိုပါက Facebook Page ၁ ခုစာအတွက် ၁လလျင် US$7 ထပ်မံပေးရပါမည်။ (တစ်ခါတည်း ၁ နစ်စာ ပေးသွင်းရပါမည်။)

Standard Application Style ၏ ပုံ မှန်စျေးနှုန်းမှာ US$500 (775,000 ကျပ်) ဖြစ်ပါသည်။

အသင်းသူ၊အသင်းသားများအနေဖြင့် မိမိတို့အသင်းတော်တွင် အမြဲတမ်းအသုံးပြုနေရမည့် ယခုလို အပီလီကေးရှင်းကို ပေးကမ်းလူူဒါန်းခြင်းဖြင့် ကောင်းကြီးတံခါးဖွင့်နိုင်ပါသည်။

မှတ်ချက်။  ။

၁။ Menu အတွက် အချက်အလက်များ (ဓတ်ပုံများ)နင့် ငွေပေးသွင်းပြီး ၃ ရက်အတွင်းတွင် Application ရပါမည်။ ၄င်းကို စိတ်ကြိုက်စစ်ဆေးရန် ဦးစွာပို့ပေးပါမည်။

၂။ Application စိတ်ကြိုက်ဖြစ်ပါက Google Play Store တွင် တင်ပါမည်။ (၇) ရက် စောင့်ရပါမည်။

၃။ ကျနော်တို့ကြောင့် တစုံတခု အမှားအယွင်း ဖြစ်လာပါက အခမဲ့ ပြန်လည် ပြင်ဆင်ပေးပါမည်။ Google Play Store တွင်မတင်မှီ ပြန်လည် cancel လုပ်လိုပါက ငွေတ၀က်တိတိ ပြန်ပေးပါသည်။

၄။ သတင်းအချက်အလက်များ အသစ်ထည့်သွင်းရန် (Update) လုပ်လိုပါက တကြိမ်အတွက် ၅၀ ၀၀၀ ကျပ်ပေးရပါမည်။

၅။ Android Application ဖြစ်သောကြောင့် I Phone (Apple) ဖုန်းများတွင် မရပါ။ နောက်ပိုင်းရနိုင်သည့်အခါ ထပ်မံ အသိပေးပါမည်။

Sample နမူနာ ဗီဒီယိုများ

Sample နမူနာ ဗီဒီယိုကို လေ့လာကြည့်ပါ။ ဗီဒီယိုဖိုင်မှာ အသင်းတော်တခုကို အခြခံပြီး ပြပေးထားပါတယ်။


Google Play တွင် Application အားထားရှိခြင်းပုံစံ။



Application ၏နောက်ထပ်ပုံစံ



အသင်းတော်၊ အဖွဲ့အစည်း၊ ကျောင်း၊ သင်တန်ကျောင်း စသည့် အများနင့်အတူအလုပ်လုပ်ရသည့် အဖွဲ့အစည်းများအတွက် မိမိတို့ကိုယ်ပိုင်အပီလီကေးရှင်း သုံးစွဲပြီး ခတ်နင့်အညီ ရင်ဘောင်တန်းကာ အဆင့်မြင့်မြင့် ရပ်တည်နိုင်ဖို့ ကျနော်တို့  OLIVE Digital IT Solution က အဆင်သင့်ဖြစ်လျက်နေပါတယ်။

သူများတွေအားလုံးလုပ်ပြီးမှ လုပ်ရတာမျိုးမဖြစ်ရအောင် အမြန်ဆုံးစာရင်းသွင်းလိုက်ပါ။

ဦးရာစနစ်အတိုင်း လုပ်ဆောင်ပေးသွားပါမည်။


မိမိအသင်းတော်၊ အဖွဲ့အစည်း၏ Media ပိုင်းတာ၀န်ခံမည့်သူများအားလည်း အပီလီကေးရှင်းအသုံးပြုမည့်ပုံစံများကို လိုအပ်ပါက သင်ကြားပေးသွားပါမည်။

ပြည်တွင်း၊ပြည်ပ ရပ်နီးရပ်ဝေးမှ Order များလက်ခံ ဆောင်ရွက်ပေးနေပါသည်။

မိမိတို့အသင်းတော် အဖွဲ့အစည်းကို နည်းပညာသစ်ဖြင့် Level အသစ် တစ်ခုသို့ ပို့ဆောင် မြင့်တင်လိုက်ပါ။



ဆက်သွယ်ရန်။ (OLIVE Digital IT Solution)

Sing Pi

Phone: (+95) 09 400 45 84 15 (Viber) (WhatsApp)

Facebook Messenger: Luan Dim Lcci (https://www.facebook.com/luandim.lcci)

Address: LUAN DIM LCCI (Tazin 2/8, Bogyoke Road, kalaymyo.)

 

Comments

Post a Comment